The best holidays start here 

ချစ်ရသူတွေနဲ့အတူ ပုဂံအလှ၊ ပုဂံရသကိုခံစားရင်းအညာမြေရဲ့ မြူတွေရစ်သိုင်းနေတဲ့ ဆောင်းရာသီမှာ ခေတ္တခဏ စိတ်အပန်းဖြေချင်နေကြပြီလား။ 

ဒါဆိုရင်တော့ Aye Yar River View Resort ရဲ့ Suite Room မှ 1002- Garden View Room နဲ့ 1005- Pagoda View Room တွေက အကောင်းဆုံးနားခိုရာလေးပဲပေါ့။ 

ပုဂံအလှကို တသသခံစားရင်း ဘယ်တော့မှမရိုးစေသောပုဂံ ဘုရားမြင်ကွင်းလေးကို ကြည့်မဝဖြစ်စေမှာကတော့ Suite Room -1005 ဖြစ်တဲ့ Pagoda View Room လေးပါပဲ။ 

ဆွယ်တော်လေးဆူထဲမှ တစ်ဆူဖြစ်သည့် အာနန္ဒာဘုရား, သဗ္ဗေညုဘုရား,နန်းတော်ရာများကို ရှုမြင်နိုင်တယ့်မြင်ကွင်းတွေနဲ့ အခန်းဖြစ်တာမို့ အေးအေးချမ်းချမ်းအနားယူရင်း ပုဂံဘုရားဖူးလိုသူတွေအတွက် အသင့်တော်ဆုံးပါပဲရှင့်။
Room တိုင်းက သန့်ရှင်းကျယ်ဝန်းနေတဲ့အပြင် Luxury ဆန်ဆန် Facilities တွေပါထားရှိပေးထားတာကြောင့် ဧည့်သည်တိုင်းကို စိတ်တိုင်းကျစေမှာပါ။ 

Christmas နဲ့ New Year ကာလမှာ ချစ်ရသူတွေနဲ့အတူ အနားယူချင်သူတိုင်းအတွက် Aye Yar River View Resort က အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ စောင့်ကြိုနေပါတယ်။ 



